ငါဘာမှမသိပါ

July 14, 2009 at 11:51 am (Poem)

နာကျင်မှုကို ဘယ်လို စာလုံးနဲ့ ပေါင်းမလဲ….

လူတစ်ယောက်ဟာ ချစ်တတ်တယ် မချစ်တတ်ဘူး ဘာနဲ့တိုင်းမလဲ ….

ညစဉ် မက်တဲ့ အိပ်မက်ဆိုးနဲ့

လန့်လန့်နိုးနေဆဲ

ဒီလိုမျိုး ထွက်ခွာသွားမယ်ဆိုလည်း

ဒါနဲ့ ညီမျှတဲ့ ခံနိုင်ရည်မျိုး

တစ်ဖက်မှာ ငါ့ကို ပေးခဲ့သင့်တာပေါ့ လောကဒဏ်ရယ် ..

အဲဒီလို ယုံတောင်ပြေး ခွေးမြောက်လိုက် အတွေးတွေနဲ့

နာကျင်မှုက ဆေးမတိုးတော့တဲ့ အခြေနေ ..

ငါက လောဘကြီးသူမဟုတ်ဘူး

အများသုံး ပေတံကြီးနဲ့လည်း ချစ်ခြင်းကို ငါမတိုင်းခဲ့ဖူးဘူး

ဘုရားစူး တကယ်

အရော်အစားကြီးတယ်ဆိုလည်း

ချစ်တတ်ချင်ပါသေးတယ် …

တစ် နှစ် သုံး ရေမယ်

အချစ်ကို ငါ ပိုတွက်ခဲ့မိပြီလား

မသေချာမရေရာခြင်းတွေကိုမှ

လျှော့တွက်ခဲ့မိပြီလား …

ခါးမှန်းသိတယ်

ဘ၀ဟာ သင်ယူစရာ များမှန်းသိတယ်

တမြေ့မြေ့ တိုက်စားပြုန်းတီးသွားနိုင်တဲ့

အဆိပ်ရည်တွေမှန်းလည်းသိတယ်

သိတယ်ဆိုတဲ့ အသိလည်း ရှိတယ်

ကဲ ဘာလိုသေးလဲ

ဒါနဲ့တောင်

မိုးလင်းတိုင်း

ပူနွေးစိုစွတ်တဲ့ မျက်ဝန်းတွေနဲ့

နိုးထနေရဆဲ ..

တရေးနိုးထမေးတောင်

နောက်ထပ်တစ်ခါ

နောက်ထပ်ကြိမ်ဖန်များစွာ

ရှုံးနိမ့်ဦးရင်တောင်မှ

ဘုရားစူးတကယ်

ငါချစ်တတ်သေးချင်ပါသေးတယ် ။

လင်းပြာနွေ

၁၀နာရီ ၃၀ မိနစ်

၁၃ ဇူလိုင် ၂၀၀၉

တနင်္လာနေ့

( ဒီကဗျာလေးက ဟိုလွင့် ဒီလွင့် ဟိုရောက်ဒီရောက် ဖြစ်နေမှာတော့ သေချာပါတယ်။ ဒီကဗျာကို ကျွန်မရဲ့ ပြန်လည် တည်ဆောက်နေဆဲ ကာလမှာ ရေးခဲ့တာကြောင့် အခုကဗျာထဲက ပုံရိပ်တွေက ယခုလက်ရှိကျွန်မလို့ ဆိုရင်လည်း ရပါတယ်။  တစ်စုံတစ်ခုဆီက ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုရမှန်း မသိတော့အောင် ဖရိုဖရဲ အပိုင်းပိုင်း အစစ လွင့်စင်သွားခဲ့တဲ့ ကျွန်မ သတ်မှတ်ထားတဲ့ တန်ဖိုး၊ ယုံကြည်မှု၊ အိပ်မက်တွေ နှင့် ကျွန်မကိုယ်တိုင်ကို တစ်မှုန်စီလိုက်ကောက်နေရတဲ့ ကာလဖြစ်တဲ့ အတွက်ကြောင့် ကျွန်မ ဘာကိုမှမသိတော့တာတော့ တကယ့်လက်ရှိ ကျွန်မရဲ့ အမှန်တရားတစ်ခုပါပဲ။ ဒါကြောင့်လည်း ကျွန်မ လက်ရှိကာလမှာ စာတွေအများကြီး မရေးချင်ပါဘူး။ လက်ရှိကာလ ကျွန်မ စိတ်ခံစားမှု အရောင်တွေ ရှုပ်ထွေးပါဝင်နေမှာ စိုးလို့ပါ။ ကျွန်မကိုယ်တိုင်နဲ့ အတတ်နိုင်ဆုံးကင်းလွတ်တဲ့ အနုပညာလက်ရာသန့်တွေ ဖန်တီးချင်ပါသေးတယ်။

ကျေးဇူးတင်စွာဖြင့် …

လင်းပြာနွေ)

Advertisement

2 Comments

  1. ShwunMi said,

    ဟိုဟိုဒီဒီ လွင့်နေလည်းပဲ လေထဲမှာ မျှော်လင့်ခြင်းဝိဥာဉ်ဟာ လှလှပပမျောလိုက်ပါပြီး အားမလျှော့တမ်း ရှာဖွေတယ်..
    ကဗျာလေးက ကဗျာရေးသူရဲ့ စိတ်ဝိဥာဉ်နားခိုရာကို ပိုခမ်းနားလာအောင် အားပေးနေသလိုပဲ..
    ထပ်တူခံစားရပါတယ် မနွေ..
    =)

    • လင်းပြာနွေ said,

      ကျေးဇူးတင်ပါတယ် ညီမလေး ရွှန်းမီ ကွန်မန့်ဝင်ရေးပေးလို့ အားဖြစ်တယ် ပြည်တွင်းမှာ ဘလော့စပေါ့ဝင်ရမလွယ်လို့ ညီမဆီမ၀င်ဖြစ်ဘူး .. ဝေါ့ပရက်စ်မှာပါ တင်ထားပေးရင် ကောင်းမှပဲ ..

      လင်းပြာနွေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.