ကိုယ်ပိုင်မှတ်စု
လွမ်းပြီ ရန်ကုန်မြေရေ…။ ကျွန်မ မကြာခဏ ငြီးမိတဲ့ စကားတစ်ခွန်း။
အဖေ… သမီး ပြန်လာခဲ့ပြီ.. ဘ၀ဆီက သင်ယူမှုတွေတပွေ့တပိုက်နဲ့ သမီးပြန်လာခဲ့ပြီ….။
မာနတရားနဲ့ သိက္ခာတွေ.. ယုံကြည်မှုနဲ့ ကိုယ်ကျင့်တရားတွေ.. သစ္စာတရားနဲ့ မြတ်နိုးမှုတွေ.. သင်းဂြိုဟ် ခံရဖူးတဲ့ ဟောဒီ ဆေးရောင်ဆန်းပြားနေ့ရက်တွေ ကျွန်မအတွက် ကြိုတင် သိမထားခဲ့ တဲ့ ဘ၀ရဲ့ သင်းရိုးညွှန်းတမ်း တစ်ခုဖြစ်ခဲ့တယ် ။ ရိုးရိုးသားသား ရှင်သန်ဖို့ပဲ ကုတ်ကပ်ကြိုးစားခဲ့ပါတယ်။ ခွင့်လွှတ်လွယ်မှုနဲ့ မနာကျည်းတတ်မှုတွေဟာ ကျွန်မနှလုံးသားကိုကျ.. ဟိုး.. ချောက်နက်နက်တွေထဲ ဆွဲသွင်းသွားခဲ့လေတယ်..။ ရိုးရိုးသားသား ချစ်ခင် မြတ်နိုး ခဲ့ပါတယ်.. ရိုးရိုးသားသား တမ်းတညွတ်နူးခဲ့ဖူးပါတယ်..။ ရိုးရိုးသားသာ ကြည်နူးခဲ့ရတယ်။ ရိုးရိုးသားသား ၀မ်းနည်းခဲ့ရတယ်..။ ရိုးရိုးသားသား ရင်ကွဲနာနဲ့ ဆန်းပြာတဲ့ နေ့ရက်တွေကြား .. ဘ၀မှာ .. ဟောဒီလူတွေဆီမှာ.. ရိုးသားမှုတွေ အနည်းဆုံး ရှိကိုရှိမှာပါဆိုတဲ့ မျှော်လင့်ချက်က ကျွန်မရင်ထဲ ဇွဲကြီးစွာ ထင်ကျန်နေဆဲပါပဲ..။
ဒီည ကျွန်မ အဖေ့အိမ် ပြန်ခဲ့မယ်…..။
ရိုးရိုးသားသား နာကျင်ခဲ့တဲ့ အဖေ့သမီး.. ရိုးသားစွာပဲ အဖေ့အိမ် ပြန်ခဲ့ဦးမှာပါ….။
လင်းပြာနွေ
မတ်လ ၂၈ စနေနေ့
မနက် ၁၀း ၃၀
ရွှန်းမီ said,
June 8, 2009 at 9:55 am
စာလာဖတ်ပါပြီး-)
kalyar said,
June 9, 2009 at 9:18 am
ကျပ်တည်းတဲ့ ဘဝသင်ရိုးတွေကိုမွန်းကျပ်စွာ ခံစားလိုက်ရတဲ့စာလေးပါ။
ဒီလူသစ် said,
June 9, 2009 at 9:40 am
Welcome home, ThaMee.
We forgive you for everything.
gotach said,
June 10, 2009 at 2:27 pm
ကောင်းပါတယ် …….. ကောင်းပါတယ် .. …. ဆက်ကြိုးစားပါ . . . . . . . .
ဂျေဂျူဝိုင် said,
July 5, 2009 at 7:38 am
ဘ၀က တကယ်တမ်း ထင်သလောက် မဆိုးပါဘူး။ ကျွန်တော် တွေ့ခဲ့သမျှ အားလုံးထဲမှာတော့ ကျွန်တော် အခုရေးလိုက်တဲ့ ပိုစ့်ထဲက ကောင်မလေးကတော့ တော်တော်ဆိုးတယ်