ဟောင်းနေတဲ့ စိတ်သစ်
January 11, 2009 at 10:17 pm (Poem)
စိတ်ဟာ
မြစ်ရေနဲ့တူသလား
အဆက်မပြတ်
တသွင်သွင် စီးနေသံကြားတယ်……
မနေ့က ကလေးငယ်ရဲ့ အိပ်မက်
သီချင်းလုပ်ငြီးနေသူ နေ့သစ်တွေကြား
မနက်ဖြန်နဲ့ ဒီနေ့
ဘယ်လောက်ပြောင်းလဲခြင်း တန်းဖိုးရှိမှ
ဖြစ်တည်မှူတွေကွဲလွဲမလဲ……
ခုက ၂၀၀၉ တဲ့
၂၀၀၈ ကို အပြီးသတ်တိုက်စားလိုက်တာ မှန်ပေမယ့်
ဘယ်တန်ဖိုးတွေ စိတ်မှာ ပါးလျားသွားပြီး
ဘယ်တန်ဖိုးတွေ စိတ်မှာ ထိုးထောင်ထွက်လာခဲ့ပြီလဲ……
နည်းနည်းလေး ပျော်ရွှင်ပါတယ်
နည်းနည်းလေး ၀မ်းနည်းပြန်တယ်…..
နည်းနည်းလေး အောင်မြင်ပါတယ်
နည်းနည်းလေး ကျရှူံးနေပြန်တယ်…..
နည်းနည်းလေး ဆိတ်ငြိမ်နေပြန်တယ်
နည်းနည်းလေး ဆူညံနေသေးပြန်တယ်……
ပျော်ရွှင်
ကျရှူံး
ဆိတ်ငြိမ်
အောင်မြင်
ဝမ်းနည်း
ဆူညံ
ဘ၀ဟာ ဒီဝင်ရိုးလေးတွေနဲ့
ပုံဖေါ်ထားတာလို့
တင်စားမယ်ဆို……
ဒီခေတ်ကာလကြီးထဲမှာ
ငါ
သေးသေးနုတ်နုတ်လေး ရှင်သန်နေသေးတယ်…….
ဇန်န၀ါရီ ၁၂ ရက် ၂၀၀၉
တနင်္လာနေ့
မနက် ငါးနာရီ
Advertisement
1 Comment
  1. Tar Tee said,
    ငါတို. ဘ၀ တွေ ပိုပြီး ရှုပ်ထွေး လာကြပြီ။ အရှုပ် ဟောင်းတွေထဲရုန်းကန်ရင်း အရှုပ်သစ်တွေတိုးလာပေါ.။ အရှုပ်သစ်တွေနဲ. လုံးပမ်း ရင်း အရှုပ်ဟောင်းတွေက မှေးမှိန်သွားကြပြန်ရော။
    အရေး ကြီးတာက.. မရေရာမှုတွေနဲ. စိတ်ညစ်တဲ. အခါ၊ နွမ်းနယ်တဲ. အခါ ဒီကဗျာနဲ. နှလုံးသွင်းနိုင်အောင်ကြိုးစားပါ။ နင်က ငါ. ကို ကဗျာတစ်ပုဒ် လက်ဆောင်ပေးတယ်….ငါက ငါ.အသုံးချနည်းကို မျှဝေပါတယ်။
    နည်းနည်းလေး ပျော်ရွှင်ပါတယ်
    နည်းနည်းလေး ၀မ်းနည်းပြန်တယ်…..
    နည်းနည်းလေး အောင်မြင်ပါတယ်
    နည်းနည်းလေး ကျရှူံးနေပြန်တယ်…..
    နည်းနည်းလေး ဆိတ်ငြိမ်နေပြန်တယ်
    နည်းနည်းလေး ဆူညံနေသေးပြန်တယ်……
    ပျော်ရွှင်
    ကျရှူံး
    ဆိတ်ငြိမ်
    အောင်မြင်
    ဆူညံ
    ဘ၀ဟာ ဒီဝင်ရိုးလေးတွေနဲ့
    ပုံဖေါ်ထားတာလို့
    တင်စားမယ်ဆို……
    ချစ်ခင်စွာဖြင်.
    တာတီး
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Connecting to %s
Follow
Get every new post delivered to your Inbox.